6 / 100

is-your-name-registered

Download PDF Tracts

သင့်အမည်ကို စာရင်းသွင်းပြီးပြီလား။

ဤကမ္ဘာကြီးထဲသို့ သင်မွေးဖွားလာသည့်အချိန်၌ သင့်ရဲ့မိဘများသည် မွေးစာရင်းတွင် စာရင်းသွင်းခဲ့သလို၊ သေခြင်းနှင့်လည်း စာရင်းပေးခဲ့ပြီ။ ထို့ပြင် ကမ္ဘာကြီး၏ အခြားသော နေရာများတွင် လည်း သင့်အမည်ကို စာရင်းပေးသွင်းခဲ့ပြီး။ သာဓကအားဖြင့်

  • ကျောင်းအပ်နှံသောအချိန်၌
  • အလုပ်သစ် ၀င်သောအချိန်
  • မြေယာနှင့်အိမ်များဝယ်သောအချိန်
  • ကားများကို အာမခံပြုလုပ်သောအချိန်
  • ဘဏ်စာအုပ်ပြုလုပ်သောအချိန်
  • ဝေစုကဒ်ရရှိသောအချိန်
  • မဲဆန္ဒကဒ် ရရှိသောအချိန်
  • သင့်အိမ်အတွက် လျှက်စစ်သွယ်တန်းသောအချိန် တို့တွင် စာရင်းသွင်းခဲ့ရသည်။

ဤပျက်ဆီးနေသည့် ကမ္ဘာကြီးထဲတွင် အသက်ရှင်နေထိုင်ဖို့ရန် နေရာများစွာ၌ သင့်အမည်ကို စာရင်ပေးခဲ့ရ လျှင် ကောင်းကင်နိုင်ကော မည်သို့နည်း။ ယခုအချိန်၌ ကောင်းကင်နိုင်မှာ သင့်အမည်ကို စာရင်းသွင်းဖို့ရန် မလို အပ်ပေဘူးလား။ အကယ်၍ သင်သေဆုံးခဲ့လျှင် မပျက်စီးနိုင်တဲ့ ထာဝရကာလမှာ ပျော်ရွင်ခြင်း၊ ငြိမ်သက်ခြင်း ရှိ ပြီး ထိုနေရာမှာ နေထိုင်ရမှာဖြစ်ပါတယ်။ ဟုတ်ပါတယ်။ သင့်နာမည်ကို ယခုမှာ စာရင်းသွင်းရမှာဖြစ်ပါတယ်။

ထိုနေရာမှာ သင့်အမည်ရှိနေဖို့ရန် သင်ဘာလုပ်သင့်ပါသနည်း။ သင့်အမည် ထိုနေရာတွင် ရှိနေဖို့ရန် ဘုရားသခင်၏ ကောင်းကင် မိသားစုအဖွဲ့တစ်ယောက်ကဲ့သို့ မွေးဖွားရန် လိုအပ်ပါသည်။ ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ကျမ်းစာထဲ၌ ကျွန်ုပ်တို့ ဖတ်ရှုပါသည်။ `ထိုသူကို လက်ခံသမျှသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသော အခွင့်ကို ပေးတော်မူ၏`(ယော ၁း၁၂)။ သင်သည် ယေရှုခရစ်ကို သင့်ရဲ့ကယ်တင်ပိုင်ရှင် သခင်အဖြစ် စိတ်နှလုံးထဲ၌အကြွင်းမဲ့ လက်ခံယုံကြည်လျှင် သူ့ရဲ့ သားဖြစ် ခွင့်ရလိ့မ်မည်။ ကာရာနီကားတိုင်ပေါ်တွင် သူသည် သင့်အပြစ်များအတွက် သင်ကိုယ်တိုင် ခံရမည့် ပြစ်ဒဏ်ကို ခံစားခဲ့ပြီး၊ သင့်အတွက် အသေခံခဲပါသည်။ သူသည် သေလွန်ခဲ့သော်လည်း သုံးရက်မြောက်နေ့တွင် ရှင်ပြန်ထ မြောက်ခဲ့ပြီး၊ ထာဝရအသက်ရှင်နေပါသည်။ သင်၏ ငယ်စဉ်ကလေးဘ၀အရွယ်မှစ၍ သင်ပြုလုပ်ခဲ့သည့် အပြစ် တစ်ခုချင်းစီကို ၀န်ချတောင်းပန်လျှင် သူသည် သင့်ကိုခွင့်လွတ်ပြီး၊ သူ့ရဲ့သားသမီးအဖြစ် လက်ခံပါလိမ့်မည်။ သူ သည် သင့်ရဲ့နှလုံးသားကို ပျော်ရွင်ခြင်း၊ ငြိမ်သက်ခြင်းနှင့် ပြည့်စေမှာဖြစ်သည်။ ဤကမ္ဘာမြေကြီးပေါ်တွင် သူရှိနေစဉ်အခါက သူ၏သားသမီးများဖြစ်လာသော သူတို့အား `သင်တို့၏ နာမည်များသည် ကောင်းကင် စာရင်း၌ ၀င်သည်ကို ၀မ်းမြောက်ခြင်း ရှိကြလော့`ဟု မိန့်တော်မူ၏ (လုကာ ၁၀း၂၀)။ သခင် ယေရှုခရစ်ကို ယုံကြည်ပြီး အပြစ်ခွင့်လွတ်ခြင်းကို ရရှိသောသူများ၏ အနည်များသည် ကောင်းကင်၌ စာရင်းသွင်းထားလျှက်ရှိ သည်။ ထို့ပြင် ကျမ်းစာက `ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူ မည်သည်ကား၊ ဒုစရိုက်ကို မပြုတတ်` (၁ယော ၃း၉)။ သခင်ယေရှုခရစ်သည် နောက်တဖန် အပြစ်ကို မပြုလုပ်တော့ဘဲ၊ ဤအပြစ်ကမ္ဘာကြီးထဲမှ သန့်ရှင်းသောအသက်တာဖြင့် ဤကျေးဇူးတော်နှင့်အသက်ရှင်ဖို့ရန် ခွင့်ပြုထားပါသည်။ ထို့ပြင် သခင်ယေရှု ကားတိုင်ပေါ်တွင် အသေခံသည့်အချိန်၌ သူသည် သင့်အပြစ်တစ်ခုတည်းကိုသာမက၊ သင့်ရဲ့ ဖျားနာခြင်းများကို လည်း ခံစားခဲ့ရသည်။ ဒါကြောင့် သူ့ကို ယုံကြည်သောသူအပေါင်းသည် ကုစား၍ မရနိုင်သော ရောဂါများမှ လွတ်မြောက်စေပြီး၊ ကျန်းမာသောအသက်တာဖြင့် အသက်ရှင်လိမ့်မည်။

ထိုကဲ့သို့ပင် ကောင်းကင်နိုင်ငံစာရင်း၌ စာရင်းမ၀င်သော သူတို့၏ အဆုံးသတ်သည် မည်သို့ဖြစ်ပျက်မည်နည်း။ သေလွန်ပြီး တရားစီရင်သောနေ့၌ ထိုသူများထံသို့ ဖြစ်ပျက်လာမည့်အရာနှင့်ပတ်သက်ပြီး ဤသို့ ရေးသားထား သည် `အသက်စာစောင်၌ စာရင်းမ၀င်သော သူရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏` (ဗျာဒိတ် ၂၀း၁၅)။

ယေရှု၏ အသွေးတော်သည် သင့်ကို ခွင့်လွတ်ခြင်းပေးခြင်း၊ သင့်အပြစ်များကို ဖယ်ရှားပေးပါသည်။ သူ၏ကား တိုင်သည် ကောင်းကြီးပေးစွမ်းပြီး၊ ကျိန်ခြင်ကို ဖယ်ရှားပေးပါသည်။ သူ၏ ဒဏ်ရာဒဏ်ချက်များသည် သင်၏ဖျာ နာခြင်းများကို ပျောက်ကင်းစေပါသည်။ သူ၏သေခြင်းသည် သင့်ကို ရဲရင့်စေပြီး၊ သေခြင်းကိုကြောက်သောစိတ် ကို ဖယ်ရှားပေးပါသည်။ သခင်ယေရှု၏ အသက်တာအားဖြင့် သင်သည် ထာဝရအသက်ကိုလည်း ရရှိလိမ့်မည်။ သင်၏အမည်သည် ဤကမ္ဘာကြီးထဲတွင်သာမက ကောင်ကင်၌ရှိသော အသက်စာစောင်ထဲတွင် ရေးသားထား ခြင်းခံရလိမ့်မည်။ ယနေ့တွင် ယေရှုထံသို့ တိုးဝင်ခြင်းအားဖြင့် ဤလောကကြီးက မပေးနိုင်သည့် မှန်ကန်သော ငြိမ်သက်ခြင်းနှင့် ပျော်ရွင်ခြင်းကို သင်ရရှိလိမ့်မည်ဖြစ်သည်။ ထိုပြင် သင်သေလွန်ပြီးသည့်နောက်တွင်လည်း ကောင်းကင်နိုင်ငံသို့ ၀င်ရောက်ရသော အခွင့်ကိုရရှိမည်ဖြစ်သည်။ အောက်ဖေါ်ပြပါ ဆုတောင်းချက်များကို ဆု တောင်းခြင်းအားဖြင့် သခင်ယေရှုကို ယုံကြည်လက်ခံပါ။

`သခင်ယေရှု၊ ကိုယ်တော်ကို ယုံကြည်ပါ၏။ အကျွန်ုပ်၏ ဘ၀အသက်တာတခုလုံးကို ကိုယ်တော့်ထံ ပေးအပ်ပါ ၏။ အကျွန်ုပ်၏ အပြစ်များအတွက် ကိုယ်တော်၏ သန့်ရှင်းသော အသွေးတော်အားဖြင့် ကျွန်ုပ်ကို သန့်ရှင်း စင်ကြယ်စေတော်မူပါ။ ကိုယ်တော်ရဲ့ သားသမီးအဖြစ် အကျွန်ုပ်ကိုလက်ခံပြီး၊ ကောင်းကင်နိုင်ငံ၌ အကျွန်ုပ်အ အမည်ကို ရေးမှတ်တော်မူပါ။ ယခုမှစ၍ အကျွန်ုပ်၏ နေ့ရက်များကို ကိုယ်တော်၏ သားသမီးအဖြစ် နေထိုင်ပါ မည်။ အာမင်

 

You can find equivalent English tract @

Is your name registered ?