9 / 100

parable-of-the-kingdom

Download PDF Tracts

ကောင်းကင်နိုင်ငံ ပုံဥပမာ

ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ ချ၍ အမျိုးမျိုးသော ငါးတို့ကို အုပ်မိသောပိုက်ကွန်နှင့်တူ၏။ ငါးနှင့် အပြည့်ရှိသောအခါ၊ တံငါတို့သည် ကုန်းပေါ်သို့ ဆွဲတင်၍ထိုင်လျက်၊ ကောင်းသောငါးကိုခြင်းထဲသို့ ရွေးချယ် ထည့်ထား၍၊ မကောင်းသောငါးကို ပြင်သို့ ပစ်လိုက်ကြ၏။

ထိုနည်းတူ ကမ္ဘာအဆုံး၌ ကောင်းကင်တမန်တို့သည် ဆင်းလာပြီးလျှင်၊ ဖြောင့်မတ်သော သူတို့အထဲမှ ဆိုး သော သူတို့ကို နှုတ်ယူခွဲထား၍၊ ငိုးကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ ချကြလတံ့။

ဤအရာအလုံးစုံတို့ကို သင်တို့သည် နားလည်ကြသလောဟု မေးတော်မူ၏။……. မဿဲ ၁၃း၄၇-၅၁

 

ကယ်တင်ခြင်းရရှိအောင် ကျွန်ုပ်ဘာလုပ်ဆောင်ရမည်နည်း။ တမန် ၁၆း၃၀

၁.       နောင်တရပြီး၊ သတင်းကောင်းကို ယုံကြည်ပါ။

အချိန်ပြည့်စုံပြီ၊ဘုရားသခင်၏။ နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧ၀ံဂေလိတရားကို ယုံကြည်ကြလော့။ မာကု ၁း၁၅

၂.       ယေရှုကို သင့်ရဲ့ ကယ်တင်ရှင်သခင်အဖြစ် ယုံကြည်ပါ။

ထိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။

၃.       ယေရှုထံသို့ သင့်အပြစ်များကို ၀န်ချတောင်းပန်ပါ။ ကိုယ်အပြစ်တို့ကို ဖေါ်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကို လွတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်း ငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။

၎။       ရေနှင့်ဝိညာဉ်တော်၏ နှစ်ခြင်းကို လက်ခံပါ။

သင်တို့၏ အပြစ်ကို လွတ်စေခြင်းငှါ နောင်တရ၍ တယောက်မျှမကြွင်း၊ ယေရှုခရစ်၏ နာမ၌ ဗတ္တိဇံကိုခံ ကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။ တမန် ၂း၂၈

၅။       သတင်းကောင်းနှင့်အသက်ရှင်ပါ။

ငါ့ပညတ်တို့ကို စောင့်ရှောက်၍ အသက်ရှင်လော့။ သုတံ္တ ၇း၂

 

ရွေးချယ်မှုသည် သင့်ဟာပင်ဖြစ်သည်။

ဤအရာသည် သင်၏ စီရင်ချက်ပင်ဖြစ်သည်။ `သင့်အမှုကို ထိုသို့စီရင်ရမည်။ သင့်ကိုယ်တိုင်လည်း စီရင်ပြီးဖြစ်သည်` ၂ရာ ၂၀း၄၀။

 

You can find equivalent English tract @

Parable of the Kingdom