9 / 100

The-Clock-is-Ticking

Download PDF Tracts

နာရီအချက်ပေးနေသည်

အချိန် ရွေ့လျှားနေသည်။

 

သင်နှင့်ဘုရားတွေ့ဆုံမှုသည် နီးကပ်သည်။

သမ္မာကျမ်းစာက ပြောသည် `သင်၏ ဘုရားသခင်နှင့်တွေ့ခြင်းငှါ ကိုယ်ကိုပြင်ဆင်လော့` အာမုတ် ၄း၁၂

သင်ပြင်ဆင်နေပါသလား။ သင်အဆင်သင့်ဖြစ်ပြီးလား

`ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည်နားမထောင်ဘဲနေလျှင်၊ ပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်လိမ့်မည်နည်း`ဟေဗြဲ ၂း၃

သေခြင်းနှင့်၎င်း ဘုရားသခင်နှင့်၎င်း သင့်ကို ခန့်အပ်ထားသည်။

လူသည် တစ်ခါတည်းသာသေ၍ ထိုနောက်မှ တရားစီရင်တော်မူခြင်းကိုခံရမည် `ဟေဗြဲ ၂း၂၇

ဘုရားသခင် သင့်ကို ပြင်ဆင်ဖို့ရန် အလိုရှိပါသည်။

ကျွန်ုပ်မည်သို့လုပ်ရမည်နည်း။

၁။        သင်သည် အပြစ်သားတစ်ယောက်ဖြစ်တယ်ဆိုတာ သိရှိပါ။

`အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြ ပြီ`ရောမ ၃း၂၃။

`ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင် ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရားမရှိ` ၁ယော ၁း၈။

၂။         အပြစ်တရား၏ အခသည် ငရဲဆိုတာကို သိရှိပါ။

`မတရားသောသူတို့နှင့် ဘုရားသခင်ကို မေ့လျော့သော လူမျိုးအပေါင်းတို့သည် မရဏာနိုင်ငံသို့ နှင်ခြင်းကို ခံရ ကြလိမ့်မည်` ဆာလံ၉း၁၇။

၃။        သင့်ရဲ့ကောင်းမှု၊ ကုသိုလ်အားဖြင့် သင့်ကိုသင် မကယ်တိုင်ကြောင်ကို သိရှိပါ။

`အကျွန်ုပ်တို့ပြုဖူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သောအ၀တ်နှင့်တူကြပါ၏` ဟေရှာ ၆၄း၆

၎။        နောင်တရပြီး ဘုရားစကားနားထောင်ပါ။

`ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှုမထားဖူးသော်လည်း၊ ယခုမှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသော အရပ်တို့၌ ရှိသောလူအပေါင်းတို့အား ပညတ်တော်မူ၏` တမန် ၁၇း၃၀။

၅။        ယေရှုကို ကယ်တင်ပိုင်အရှင် ယုံကြည်ပါ။

`ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ထာဝရအသက်ကို ရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင် လောကီသားတို့ကို ချစ်တော်မူ၏` ယော ၃း၁၆

၆။        ယေရှုထံ သင့်အပြစ်တွေကို ၀န်ချတောင်းပန်ပါ။

`ကိုယ်အပြစ်တို့ကို ၀န်ချတောင်းပန်လျှင် ငါတို့အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည်သစ္စာတရားနှင့်၎င်း ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏` ၁ယော ၁း၉။

၇။        သတင်းကောင်းကို ရှင်သန်စေပါ။

`နှုတ်ကပတ်တရားကို နာရုံမျှသာ ပြုသောသူမဟုတ်၊ တရားကို ကျင့်သောသူဖြစ်ကြလော့` ယာကုပ် ၁း၂၂

You can find equivalent English tract @

The clock is ticking