နှလုံးသား ပြဿနာ
သင်သိရှိသည့်အတိုင်း နှလုံးရောဂါသည် ဖြစ်နေကျအတိုင်းအတာထက် ကျော်လွန်ပြီးဖြစ်ပျက်နေပါတယ်။ ရောဂါပိုးကြောင့် ကျွန်ုပ်တို့မသေလျှင်လည်း ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သည့် အစိတ်အပိုင်း များ ယိုယွင်းသည်အထိ အသက်ရှင်ရသည်။ နှလုံးဟာ မကြာခဏ ယိုယွင်းပျက်ဆီးဖို့ရန် ပထမဆုံးသော အင်္ဂါအစိတ်အပိုင်းပင်ဖြစ်သည်။ ယေဘူယျလမ်းညွှန်ချက်အချို့သည် သင်၏ နှလုံးကို ကြာရှည်ခံအောင် ကူညီပေးပါလိ့မ်မည်။
ခန္ဓာကိုယ်၏ ဖွဲ့စည်းပုံအစိတ်အပိုင်းအားလုံးအတွက် ကောင်းသောအစားအစာလိုအပ်ပါသည်။ (`ငါ (ယေရှု) သည် ကောင်းကင်မှ ဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ်မပြတ် အသက်ရှင်လိမ့်မည်` ယော ၆း၅၁)။
ကိုယ်အလေးအချိန်တိုးခြင်းသည်လည်း နှလုံးကို ထိခိုက်စေပါသည်။ (`သင်တိုသည် ကိုယ်ကိုကိုယ် သတိပြုကြ လော့။ သို့မဟုတ် အစားအသောက်လွန်ကျူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့် တွေ့ကြုံလိမ့်မည်` လုကာ ၂၁း၃၄)။
အစားအစာထဲ၌ အဆီအလွန်များခြင်းသည် နှလုံး၏ လုပ်ဆောင်ချက်များအား မာကျောစေသည်ကို သိရှိပါ။ (`ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည်ဖြစ်၍၊ ဆန့်ကျင်ဘက်ပြုရာ ကာလ၌ ရှိသကဲ့သို့ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်` ဟေဗြဲ၃း၁၅)။
စိတ်ပူပန်းခြင်းသည်လည်း နှလုံးကို ဒုက္ခဖြစ်စေသည်။ (`အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူး တော် ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ပဌာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရား သခင်အား ကြားလျှောက်ကြလော့` ဖိလိပ္ပု ၄း၆)။
နှလုံးသား၏ ဖြစ်ရပ်များ
စိတ်နှလုံးသည် အရာခပ်သိမ်းကို လှည့်ဖြား၏။ အဘယ်သူနားလည်နိုင်မည်နည်း။ ထာဝရဘုရားကို ကိုးစားသူ၊ ထာဝရဘုရားကို မိမိကိုးစားစရာအကြောင်းဖြစ်စေသောသူသည် ကောင်းချီးမင်္ဂလာကို ခံအပ်သောသူဖြစ်၏ ယေရမိ ၁၇း၇)
`စိတ်နှလုံးသည် အသက်၏ အခြေအမြစ်ဖြစ်သောကြောင့် သင်၏ နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့` သုတ္တံ ၁၇း၇။
`ထာဝရဘုရားသည် ခပ်သိမ်းသော စိတ်နှလုံးတို့ကို စစ်၍ အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏` ၁ရာ ၂၈း၉။
`ယေရှုသည် ထိုသူတို့၏ စိတ်ကို သိမြင်တော်မူလျှင် သင်တို့သည် အဘယ်ကြောင့် ငြူစူသော စိတ်ရှိကြသ နည်း` မဿဲ ၉း၎။
မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏ စိတ်နှလုံး အကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်း သက် သက်ရှိကြောင်းကို ဘုရားသခင်သိမြင်တော်မူ၏ ကမ္ဘာ ၆း၅
`သူတို့နှင့် သားစဉ်မြေးဆက်တို့သည် ချမ်းသာရမည်အကြောင်း၊ ငါ့ကို ကြောက်ရွံ့၍ ငါပညတ်သမျှတို့ကို အစဉ် စောင့်ရှောက်ချင်သော စိတ်နှင့် ပြည့်စုံကြပါစေသော` တရားဟော ၅း၂၉
ကုသခြင်း
ဘုရားသခင်သည် သင့်ကို အသစ်သော နှလုံးသာပေးစွမ်းနိုင်ပါသည်။
`စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်။ သင်တို့ခန္ဓာထဲက ကျောက်နှလုံးကို နှုတ်၍ အ သားနှလုံးကို ပေးမည်` ယေဇကျေ ၃၆း၂၆။
`အဘယ်သို့နည်းဟူမူကား သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍ ဘုရားသခင်သည် သူ့ကို သေခြင်းမှထ မြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ရောက်ခြင်းငှါ နှုတ်ဖြင့် ၀န်ခံရ၏` ရောမ ၁၀း၉-၁၀။
`ငါတို့သည် သစ္စာနှင့်ပြည့်စုံသော သဘောရှိ၍ ၀ိစိကစ္ဆာနှင့်ကင်းသောယုံကြည်ခြင်း၌ တည်လျက်၊ စိတ်နှလုံးကို သံဝေဂတရားနှင့် လွတ်အောင်ဖြန်းခြင်း၊ ကိုယ်ကာယကို ကြည်သာရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ အထံတော် သို့တိုးဝင်ချဉ်းကပ်ကြကုန်အံ့` ဟေဗြဲ၁၀း၂၂။
သင့်နှလုံးကို ဒုက္ခမဖြစ်စေပါနှင့် ဘုရားသခင်ကို အားကိုးပါ။
You can find equivalent English tract @