16 / 100

peace-be-unto-be-_frontpeace be unto be_back

Download PDF Tracts

ငြိမ်သက်ခြင်းရှိပါစေ

ငြိမ်သက်ခြင်း- ချိုသာပြီး၊ ချမ်းမြေ့ဖွယ်ကောင်းသော စကားပါဘဲ။ လူသားများသည် ငြိမ်သက်ခြင်းကို တောင်းတ၊ ဆာငတ်ကြပါသည်။ သန်းပေါင်းများစွာသောလူများ ထိုငြိမ်သက်ခြင်းကို ရှာဖွေနေကြသည်။ သို့ သော် ထိုအရာသည် သူတို့အတွက် မိုင်သန်းပေါင်းများစွာ ဝေးကွာနေသလိုခံစားရသည်။ ငြိမ်သက်ခြင်းကို ချမ်းသာခြင်းဖြင့် ၀ယ်လို့မရသလို ဥာဏ်ပညာနှင့်လည်း ရှာဖွေလို့ မရနိုင်ပါ။ ဂုဏ်သတင်းကျော်စောမှုသည် လည်း ထိုအရာကို ဆွဲဆောင်လို့မရနိုင်ပါ။ သင်သည်လည်း ငြိမ်သက်ခြင်းကို အောင်မြင်မှုလုံးဝမရှိဘဲ ရှာဖွေ ကောင်းရှာဖွေနေလိ့မ်မည်။ မကြာခဏ ရှာဖွေနေပေမယ့်လည်း ထိုငြိမ်သက်ခြင်းသည် သင်၌ နည်းပါးသေး သည်။ တခြားသောသူအပေါ်မှာ သင့်ရဲ့အချင်းအနှီးဖြစ်ခြင်းကို ရှာခဲ့ဖူးပါသလား (သို့မဟုတ်) သင့်ရဲ့ ဘ၀ထဲမှ ဘဲ ရယူနေပါသလား။ မူးယစ်ဆေးဝါးနှင့် ငြိမ်သက်ခြင်းကို ရှာဖွေကောင်းရှာဖွေနေလိမ့်မည်။ သို့သော် အဲဒီအ ရာဟာ စမ်းသက်ချက်တစ်ခုသာဖြစ်ပြီး အဲဒီမူးယစ်ဆေးဝါး၏ အကြိုးသက်ရောက်မှုသည် ဟောင်းနွမ်းစုတ်ပြတ် သောအရာဖြစ်ရုံသာမက ထိုကဲ့သို့သော ငြိမ်သက်ခြင်းမျိုးသည် လေထဲမှာဘဲ ပျောက်ကွယ်သွားပါသည်။ တချို့ သောသူများသည် ထူးကဲဆန်းကျယ်သော ကျင့်စဉ် (သို့) ရောဂ ကျင့်စဉ်ထို့ကို ပြုလုပ်ကြသည်။ ဆေးပညာစမ်းသပ်မှုတစ်ခုသည် မကြာသေးမှီက ထူးကဲဆန်းကျယ်သော ကျင့်စဉ် (T.M)ကို စမ်းသပ်ပြုလုပ် ခဲ့ကြသည်။ ၁၈ လကျော်ကြာပြီးနောက် ဖေါ်ပြချက်မှာ ထိုကဲ့သို့လုပ်ဆောင်သောသူများသည် ဤလေ့ကျင့်ခန်း များအားဖြင့် မကြုံဘူးသည့် မြောက်မြားစွာသော စိတ်ပညာပိုင်းဆိုင်ရာ ကစဥ့်ကလျားဖြစ်ခြင်းကို နှစ်ကြိမ်တိုင် တိုင် ခံစားခဲ့ကြသည်။ တချို့သောသူများသည် တကိုယ်တည်းအားကစားလေ့ကျင့်ခြင်းဖြင့် ကြိုးစား ရှောင်ရှား ကြပြီး ပူပင်သောကကိုဖြစ်စေသောအရာဟာ သူ့တို့လိုဘဲ တခြားသူများဆီမှာ သိပ်မများဘူးဆိုတာကို ရှာ တွေ့ကြပါတယ်။ ကမ္ဘာကြီးမှ ဦးတည်ချက်ပြောင်းခြင်းဟာ သူတို့ရဲ့ ကိုယ်ပိုင်သဘာဝတရားထဲ ပျက်ဆီး ခြင်းနှင့်အတူ မျက်နှာခြင်းဆိုင် ရင်ဆိုင်ရမှုတစ်ခုကိုဘဲ ယူဆောင်ပေးပါတယ်။ ကျွန်ုပ်တို့ ကြုံတွေ့နေရတဲ့ နေ့စဉ်ပြဿနာတွေထဲမှာ ငြိမ်သက်ခြင်းနဲ့ တည်ငြိမ်အေးချမ်းမှုကို မရှာဖွေနိုင်ဘူးဆိုရင် အသက်ရှင်ရတဲ့ ရည် ရွယ်ချက်က ဘာလဲ။

ဤစာစောင်ကို ဘာကြောင့် သင်ကို ဝေငှရသလဲဆိုရင် ကျွန်ုပ်တို့ တစ်ယောက်သောသူနှင့် သင့်ကို မိတ်ဆက် ပေးချင်လို့ပါဘဲ။ ထိုတစ်ယောက်သောသူသာလျှင် မှန်ကန်ပြီး၊ ခိုင်မာတဲ့ ငြိမ်သက်ခြင်းကို ပေးစွမ်းနိုင်သောသူ ပင်ဖြစ်ပါတယ်။ ငြိမ်သက်ခြင်းကို သင့်တို့၌ ငါထားခဲ့၏။ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီ သားတို့ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။ ဤစကား များသည် အဓိပ္ပါယ်မရှိသော စကားများမဟုတ်ဘဲ၊ သင့်ကိုသက်သေပြရန် သူ့အသက်ကိုစွန့်လွတ်ခဲ့သော အရှင် ၏ စကားများပင်ဖြစ်ပါသည်။ သူသည် သင့်ကိုချစ်ပြီး၊ သင့်ဘ၀ကို စောင့်ရှောက်ပေးပါသည်။ ထိုအရှင်က လွဲ၍ သင့်ကို အဘယ်သူမျှ ငြိမ်သက်ခြင်း မပေးနိုင်ပါ။ ငြိမ်သက်ခြင်းကိုပိုင်ဆိုင်ပြီး၊ ကတိပေးသော အရှင်က သင့်ကို ငြိမ်သက်ခြင်းပေးပါလိမ့်မည်။ သူ၏ အမည်ကား ယေရှုပင်ဖြစ်ပါသည်။

 

ယေရှုဟာ ကျွန်ုပ်အတွက် တကယ်မရှိပါဘူ။ ကျွန်ုပ်မမြင်နိုင်တဲ့သူက ဘယ်လိုလုပ် တစ်စုံတစ်ခုကို လက်ခံရရှိ နိုင်မလဲလို့ သင်ပြောဆိုကောင်း၊ ပြောဆိုနိုင်ပါလိမ့်မယ်။ အကယ်၍ ယေရှု သင့်အတွက် တကယ်ရှိခဲ့လျှင် သင်၌ ထိုငြိမ်သက်ခြင်းရှိနှင့်လိမ့်မည်ဖြစ်သည်။ ယေရှု သင်နှင့်မရှိဘူးဆိုသည့် အကြောင်းမှာ အရာတစ်ခုခုက သူနှင့် သင့်ကို ခွဲခွာနေပြီး၊ ငြိမ်သက်ခြင်းကို သင့်ကို ပေးချင်ပါသည်။ ထိုအရာတစ်ခုခုဟုဆိုသည်မှာ သင့်ရဲ့ အပြစ်ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အတွင်းနှလုံးသားထဲက မည်သည့်အရာက မှန်သည်၊ မှားသည်ကို သိကြပါ သည်။ နောက်ပြီး အရာတစ်ခုခုကို မလုပ်မိအောင် ကျွန်ုပ်တို့ကို ပြောပြနေတဲ့ အတွင်း အသိတရားရဲ့ အသံကို လျစ်လျူရှုတဲ့အချိန်မှာ ကျွန်ုပ်တို့ကို ငြိမ်သက်ခြင်းပေးချင်တဲ့ အရှင်ရဲ့အသံကို နားပိတ်ထားကြပါသည်။ အောက်ဖေါ်ပြပါ ကိုးကားချက်များကို အနည်းငယ်စဉ်းစားစဉ်ချင်ပါ။ ငါ့ရဲ့ ပညတ်ချက်များကို စောင့်ရှောက်လျှင်၊ သင်၏ငြိမ်သက်ခြင်းကို မြစ်ရေကဲ့သို့၎င်း၊ သင်၏ဖြောင့်မတ်ခြင်းကို ပင်လယ်လှိုင်းကဲ့သို့၎င်း ဖြစ်စေမည်။ ကျွန်ုပ်တို့အပြစ်များကို ၀န်းချ တောင်းပန်လျှင် သူသည် ဖြောင့်မတ်၊ မှန်ကန်ပြီး ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွတ်ကာ မဖြောင့်မတ်သော အရာများထဲမှ ကျွန်ုပ်တို့ကို သန့်ရှင်းစင်ကြယ်စေပါသည်။

ဤအရာသည် သင့်အပိုင်းပင်ဖြစ်သည်။ ငြိမ်သက်ခြင်းကို လိုချင်လျှင် သင်လုပ်ရမည့်အရာက သင့်အသက်တာ ထဲ၌ သင်သိသည့် မှားနေသောအရာအားလုံးကနေ လှည့်ပြန်ဖို့ရန်ဖြစ်ပြီး၊ သင်ရဲ့အမှားတွေအတွက် ယေရှုကို ခွင့်လွတ် တောင်းခံပါ။ သူသည် သင်ပြုလုပ်ခဲ့တဲ့ အပြစ်တွေနှင့် ကျွန်ုပ်တို့ရဲ့အပြစ်တွေအတွက် ကားတိုင်ပေါ်မှာ သူ့အသက်ကို ပေးပြီး ကျွန်ုပ်တို့ကို ခွင့်လွတ်ဖို့ရန် တတ်နိုင်ပြီး၊ အလိုရှိပါတယ်။ ဘုရားသခင် တောင်းဆိုတဲ့အ ရာအားလုံးကို နားထောင်းပြီး ဆုံးဖြတ်ချက် ချလိုက်ပါ။ သင် ဒီအရာကိုပြုလုပ်မယ်ဆိုရင် သင်ထင်မြင်ယူဆတဲ့ အရာထက် သာလွန်ပြီး၊ သင့်အသက်တာကို ရေလွှမ်းမိုးခြင်းကဲ့သို့ ငြိမ်သက်ခြင်းကို သင်တွေ့ရှိလိမ့်မည်။ ထိုငြိမ်သက်ခြင်းသည် သင့်ထံမှ ဘယ်သောအခါမျှ စွန့်ခွါသွားမည် မဟုတ်ပါ။ သင့်ရဲ့အပြစ်များ ဖယ်ရှားပြီးတဲ့ အချိန်မှာ ငြိမ်သက်ခြင်းရဲ့အရှင်ယေရှုဟာ အမှန်တကယ်ရရှိလာပါလိ့မ်မည်။

ငြိမ်သက်ခြင်းသည် အပြစ်နှင့်ဖျားနာခြင်းမှ လွတ်မြောက်စေပြီး၊ အရာအားလုံး အတူတကွဖြစ်လာစေပါတယ်။ ယေရှု ကားတော်ပေါ်တွင် နာကျင်စွာဖြင့် အသေခံခြင်းဟာ အပြစ်တရားမှ လွတ်မြောက်စေရုံ သာမက၊ ဖျား နာခြင်းနှင့် ရောဂါများမှလည်း ပျောက်ကင်းစေပါတယ်။ သူ့ကို သင့်ရဲ့ ကယ်တင်ပိုင်ရှင်သခင်အဖြစ် လက်ခံ တဲ့အခါ သူသည် သင့်ဝိညာဉ်အတွက် အပြစ်ခွင့်လွှတ်ခြင်းနှင့် ငြိမ်သက်ခြင်းကိုပေးရုံသာမက သင့်ခန္ဓာကိုယ်အ တွက် ကျန်းမာခြင်းကိုလည်း ယူဆောင်လာပေးပါတယ်။ ထိုအတွေ့အကြုံနှင့်ပတ်သက်ပြီး ဒါဝိဒ်ဘုရင်ကြီးက သီချင်းရေးစပ်ဆိုခဲ့ပါသည်။ `အိုငါ့ဝိညာဉ် ထာဝရဘုရားကို ကောင်းကြီးပေးလော့။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။ သင်၏ အပြစ်အလုံးစုံတို့ကို ဖြေလွတ်၍ သင့်၏ အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေ တော်မူ၏` ဟု စပ်ဆိုခဲ့သည်။ ငြိမ်သက်ခြင်း၏ အရှင်ယေရှုကို တွေ့ရှိတဲ့အချိန်မှာ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်းနှင့် စိတ်ပျက်ခြင်းကို သင့်ရဲ့နှလုံးသားထဲမှ ပျောက်ကွယ်သွားပြီး၊ သူ့ရဲ့ ငြိမ်သက်ခြင်းကို ရရှိခံစားရမှာဖြစ်ပါတယ်။ ထို့ပြင် သင့်အသက်တာဖြင့် စစ်ပွဲနှင့်မုန်းတီးခြင်းအားဖြင့် ကျဆင်းလာတဲ့ ကမ္ဘာကြီးရဲ့မျက်ရည်များထံသို့ ငြိမ်သက်ခြင်းနှင့် အေးချမ်းတည်ငြိမ်သော အရာများကို ယူဆောင်ပေးနိုင်ပါလိမ့်မည်။

 

ဆုတောင်ချက်

ယေရှုဘုရား၊ ကိုယ်တော်ဟာ ငြိမ်သက်ခြင်း၏ အရှင်ဖြစ်ပါတယ်။ ကိုယ်တော့်ရဲ့ ငြိမ်သက်ခြင်းကို ကျွန်ုပ် လိုအပ်ပါတယ်။ ကျွန်ုပ်ရဲ့အပြစ်များဟာ ကိုယ်တော်နှင့်ကျွန်ုပ်ကို ဝေးကွာစေတာကို ကျွန်ုပ်သိရှိပါသည်။ ကျွန်ုပ် ၏ အပြစ်များကို ခွင့်လွတ်ပြီး၊ ကိုယ်တော်ရဲ့တန်ခိုးကြီးသော အသွေးတော်အားဖြင့် ကျွန်ုပ်၏အပြစ်နှလုံးသားကို ဆေးကြောပေးတော်မူပါ။ ကျွန်ုပ်၏ ဘုရား၊ ကျွန်ုပ်၏ ကယ်တင်ရှင်အဖြစ် ယနေ့ ကိုယ်တော်ကို လက်ခံပါ၏။ ကိုယ်တော်ပြောသည့်အရာများကို ကျွန်ုပ်လုပ်ဆောင်ရန် အသင့်ဖြစ်ပါသည်။ ကျွန်ုပ်ကို ကူညီလမ်းပြပေးတော်မူ ပါ။ ကျွန်ုပ်ကို ကျန်းမာစေပြီး၊ ကိုယ်တော်၏ ငြိမ်သက်ခြင်းကို ပေးတော်မူပါ။ အာမင်။

You can find equivalent English tract @

Peace be unto you