9 / 100

the-one-who-gave-his-life-for-you

[ Download PDF Tracts

သင့်အတွက် သူ့အသက်ကို စွန့်သောသူ

 

ဘုရားသခင်သည် လူသားကို သူ့ပုံသဏ္ဍန်တော်အတိုင်း ဖန်ဆင်းခဲ့သည်။ လူသားသည် ဘုရားသခင်နှင့် မိတ် သဟာရှိခဲ့သည်။ သူ၏ ခန္ဓာသည် ကျန်းမာသန်စွမ်းပြီး၊ သူ့အထဲ၌ ငြိမ်သက်ခြင်း၊ ပျော်ရွင်ခြင်းများ ရှိခဲ့သည်။ သို့သော် သူအပြစ်ကို ပြုမိသောအခါ ဘုရားသခင်နှင့်မိတ်ဿဟာရဖွဲ့ခြင်းသော်၎င်း၊ သူ့အထဲ၌ ရှိသော ငြိမ် သက်ခြင်း၊ ပျော်ရွင်ခြင်း စသောအရာများ ပျောက်ဆုံးခဲ့ပြီး ၀မ်းနည်းခြင်းရဲ့ သားကောင်၊ ခန္ဓာကိုယ်တွင်း ဖြားနာခြင်း၏ သားကောင်၊ ခန္ဓာ၊ စိတ်၊ ၀ိညာဉ်များ မငြိမ်မချမ်းဖြစ်ခဲ့ရသည်။ ထိုကဲ့သို့သော လူသားကို ကယ် တင်ရန်နှင့် သူပျောက်ဆုံးခဲ့သော အရာများပြန်လည်ရရှိရန် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်ဘုရားသခင်သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်လောက ယေရှုနာမည်ဖြင့် အသွေးနှင့်အသားနှင့် ဤကမ္ဘာကြီးထဲ၌ မွေး ဖွားလာခဲ့သည်။ သူသည် မွေးကတည်းက အပြစ်မရှိပါ။ အပြစ်မရှိဘဲ ဤအပြစ်ကမ္ဘာကြီးထဲ အသက်ရှင်နေထိုင် ခဲ့တယ်။ သူသည် မြို့များ၊ ရွာများရှိလူများဆီသို့သွားပြီး ကောင်းမှုများပြုလုပ်ခဲ့သည်။ သူသည် မျက်စိမမြင်သော သူကို ပြန်လည်မြင်စေခြင်း၊ နာမကြားသောသူကို နားကြားစေခြင်း၊ စကားအသောသူကို စကားပြောနိုင်စေခြင်း၊ အနာကြီးရောဂါသည်များအား ပျောက်ကင်းစေခြင်း၊ နတ်ဆိုးစွဲသောသူများကိုလည်း ကျန်းမာစေခြင်းနှင့် ဆင်းရဲ သောသူများထံသို့ သတင်းကောင်းကို ဝှေငှခဲ့ပါသည်။

အသွေးသွန်းလောင်းခြင်းမရှိလျှင် အပြစ်လွတ်ခြင်းမရှိ။ ပညတ်တော်အရ ၀ိညာဉ်အတွက် ကျေနပ်မှုကို အသွေးတော်အားဖြင့်သာ ပေးပါတယ်။ ယေရှုခရစ်သည် လူသားအားလုံးအတွက် သူ့ရဲ့အသွေးကို သွန်းလောင်း ရန် ဆုံးဖြတ်ခဲ့ပြီး၊ သူကိုယ်တိုင် ကားတော်ပေါ်တွင်အသေခံရန် အပ်နှံခဲ့သည်။ ရောမစစ်သားများသည် တဖြည်း ဖြည်း ငြင်းပန်းနှိပ်စက်ခဲ့တယ်။  သူရဲ့ဦးခေါင်းတော်ပေါ်မှာ ဆူးရစ်သရစ်ဖူကို ဆင်မြန်းပေးခဲ့ပြီး သူ့ကို တောင် ဝေး၊ ကျာပွတ်များနှင့် ရိုက်နှက်ခဲ့တယ်။ ထို့နောက် သူသည် ကားတိုင်တင်ခြင်းခံရပြီး၊ သံသုံးချောင်းပေါ်တွင် ချိတ်ဆွဲ ခြင်းခံခဲ့ရသည်။

အပြစ်ကိုမသိသောသူ၊ အပြစ်ကို မပြုလုပ်ခဲ့သောသူ ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်များအတွက် ဒဏ်ရာ၊ ဒဏ်ချက်များ ရရှိခဲ့သည်။ သူသည် ကျွန်ုပ်တို့၏ ဆိုးယုတ်မှုတွေအတွက် မြှုပ်နှံခြင်းကိုခံခဲ့ရသည်။ ငြိမ်သက်ခြင်း ကို ကျွန်ုပ်တို့ထံ သယ်ဆောင်လာပြီး အပြစ်ဒဏ်ကို သူ့ပေါ်သို့ တင်ခဲ့သည်။ အပြစ်တရား၏ အခဟာ သေခြင်း ပေတည်း။ လူသားများ သူတို့ပြုလုပ်ခဲ့သော အပြစ်တွေအတွက် ရရှိခံစားရမည် အပြစ်ဒဏ်ကို သခင်ယေရှု သူ့အပေါ်သို့ ယူတင်ဝတ်ဆောင်ကာ ထိုနည်းအတိုင်းပင် ကားတိုင်ပေါ်တွင် အသေခံခဲ့သည်။

`ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင် သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏` (ရောမ ၅း၈)။ ယေရှု ခရစ်သည် ကားတိုင်ပေါ်တွင် အသေခံခဲ့ရုံသာမက သူပြောခဲ့တဲ့အတိုင်း သေခြင်းနှင့် ငရဲကို အောင်မြင်ပြီး သုံး ရက်မြောက်သောနေ့၌ ရှင်ပြန်ထမြောက်ခဲ့သည်။ သူသည် ကောင်းကင်အထက်သို့ တက်ကြွသွားခဲ့ပြီး၊ ကျွန်ုပ်တို့ အတွက် ယနေ့အသက်ရှင်လျှက်ရှိသည်။

 

ချစ်သောမိတ်ဆွေ၊ သင့်အတွက် ယေရှု နာကျင်စွာ ဒုက္ခဆင်းရဲ့ခံခဲ့ရတာတွေကို ဆင်ခြင်တဲ့အခါ သင့်ရဲ့မာ ကျောလှသော နှလုံးသားဟာ အရေပျော်ကျသွားပါလိမ့်မည်။ သင့်အပြစ်တွေ့အတွက် သခင်ဘုရားထံ မျက်ရည်နှင့် အပြစ်ခွင့်လွတ်ခြင်း တောင်းခံလျှင် သူသည် သင့်အပြစ်များကို ခွင့်လွတ်ပြီး၊ ငြိမ်သက်ခြင်း၊ ၀မ်းမြောက်ခြင်းနှင့် ငြိမ်းအေးခြင်းကို ပေးလိမ့်မည်။ ယေရှုခရစ်၏ အသွေးတော်သည် ငါတို့အပြစ်ရှိသမျှတို့ကို ဆေးကြောတော်မူ၏။ …… ကိုယ်အပြစ်တို့ကို ၀န်ချတောင်းပန်လျှင် ငါတို့အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသ မျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည်သစ္စာတရားနှင့်၎င်း ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏ ၁ယော ၁း၉။ ယေရှုခရစ် ကားတိုင်ပေါ်တွင် အသေခံခြင်းသည် ကျွန်ုပ်တို့ အပြစ်များအတွက်သာမက ကျွန်ုပ်တို့ ၏ ဖျားနာခြင်းများအတွက်လည်း ဖြစ်ပါသည်။ `သူသည် ကျွန်ုပ်တို့ အနာရောဂါဝေဒနာများကို ယူတင်ဆောင် ရွက်လေသည်`(မဿဲ ၈း၁၇)။ `ထိုသူသည် ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာ ထိုးခြင်း၊ နှိပ်စက် ခြင်းကို ခံရလေ၏` (ဟေရှာယ ၅၃း၅)။ အဘယ်ကြောင့်ဆိုသော လူသား၏ အပြစ်အားဖြင့် ကျိန်ခြင်းရောက် လာပြီး၊ ထိုကျိန်းခြင်းအားဖြင့် ဖြားနာခြင်းသည် သူ့အပေါ်သို့ ရောက်ရှိလာခဲ့သည်။ သခင်ယေရှုသည် ကားတိုင် ပေါ်တွင် ကျွန်ုပ်တို့၏ ဖျားနာခြင်းကို ခံစားခဲ့ရသည်။ ကျွန်ုပ်တို့ယုံကြည်လျှင် သူ၏ဒဏ်ချက်အားဖြင့် ကျွန်ုပ်တို့ အနာပျောက်ကင်းလျှက်ရှိ၏။ ကျွန်ုပ်တို့၏ ဖြားနာခြင်းများမှ အပြည့်အ၀လွှတ်မြောက်ခြင်းကို ရရှိခြင်းအားဖြင့် ကျွန်ုပ်တို့ အသက်ရှင်နိုင်ပါသည်။

ချစ်သောမိတ်ဆွေ၊ သင့်အတွက် သူ့အသက်ကိုပေးခဲ့သော ယေရှုခရစ်တော်ကို သင့်အတွက် ထမြောက်ပြီး၊ ယနေ့ထိတိုင်ယေရှုသည် အသက်ရှင်သည်ဟု ယုံကြည်လျှင် သူ့အသွေးတော်အားဖြင့် သင့်အပြစ်နှင့် ဖျားနာခြင်းများမှ လွတ်မြောက်ခြင်းကို သင့်ရရှိခံစားလိမ့်မည်။ ကောင်းကင်သို့ ရောက်ရန် ယေရှုခရစ်သည် သင့် ကို သန့်ရှင်းသောအသက်တာဖြင့် လမ်းပြပြီး ချစ်မြတ်နိုးစွာ ခေါ်နေပါသည်။

ယေရှုခရစ်တော်အသေခံခြင်းအားဖြင့် ရရှိခဲ့သော အထူးကောင်းကြီးများကို ရရှိဖို့ရန် သင်ဆန္ဒရှိလျှင် အောက် ဖေါ်ပြပါ ဆုတောင်းချက်ကို ဆိုပါ။

သခင်ယေရှုဘုရား၊ ကျွန်ုပ်ရဲ့အပြစ်များအတွက် ကာရာနီကားတိုင်ပေါ်မှာ အသေခံခဲ့သည်ကို ယုံကြည်ပါ၏။ ကျွန်ုပ်ရဲ့အပြစ်များကို ခွင့်လွတ်တော်မူပါ။ ကိုယ်တော်အသွေးတော်အားဖြင့် ကျွန်ုပ်ကို သန့်ရှင်း၊ စင်ကြယ်စေပါ။ ကျွန်ုပ်ရဲ့ကယ်တင်ရှင် ဘုရားအဖြစ် အကျွန်ုပ်လက်ခံပါ၏။ ယခုမှစ၍ ကိုယ်တော်ရဲ့သားသမီးအဖြစ် ကျွန်ုပ်အ သက်ရှင်ပါမည်။ အာမင်။

 

You can find equivalent English tract @

The one who gave his life for you